Friday, September 25, 2015

Auto install ​နေတာ​တွေကို​ဖြေရှင်းနည်း

အားလုံးမင်္ဂလာပါဗျာ...ဒီတစ်ခါ Android User တော်တော်များများမှာ Internet အလိုပွင့်နေတာတွေ၊ Software တွေကို Auto Install လုပ်နေတာတွေပြီးတော့ ဖုန်းကသုံးလို့မရဘဲ စက်ကလေးနေ ဟန်းနေတာတွေကို ကြုံတွေ့နေကြရပါတယ်။ ဒါဟာဘာကြောင့်အဲ့လိုဖြစ်ရတာလဲဆိုတော့Monkey task/Time service ဆိုတဲ့ Virus တစ်မျိုးကဖုန်းထဲကိုဝင်ရောက်နေလို့ပါ။ဒီ virus က ဖုန်းထဲကိုဘယ်လိုဝင်ရောက်လာတာလဲဆိုရင် Facebook မှာ တွေ့ရတတ်တဲ့ Suggest Application တွေကို Download ဆွဲမိလို့ဖြစ်စေ၊ Original Launcher ကို မသုံးပဲ အခြားThird Party Launcher တွေကို သုံးရာက ကြော်ငြာပါလာတဲ့Application တွေကို Download ဆွဲမိရာကဖြစ်စေ ဖုန်းထဲကို ဒီ Virus ကရောက်လာတတ်ပါတယ်။ Sexy Link တွေမှာ Download ဆွဲရာမှလဲ ဒီ virus ၀င်ရောက်တတ်ပါတယ်။ ဒီ virus ၀င်လာပြီဆိုရင်တော့ ဖုန်းမှာ Internetတွေ wifi တွေauto ပွင့်လာမယ်။ ကိုယ်ကပြန်ပိတ်လဲ သူ့အလိုလို ပြန်ပွင့်လာပါလိမ့်မယ်။ Internet တွေ wifi တွေပွင့်လာပြီဆိုရင်တော့ Software တွေကိုauto download လုပ်ပါတော့တယ်။ ပြီးရင် ဖုန်းထဲကို auto Install လုပ်ပါတော့တယ်။ ပြန်ပြီး Uninstall လုပ်လို့လဲမရပါဘူး။ ဖုန်း Screen မှာလဲShort cut တွေကလဲ သူ့အလိုလိုပေါ် လာပြီး Phone Screen မှာ နေရာယူပါတော့တယ်။ ကြော်ငြာပေါင်းစုံလဲဝင်လာပါလိမ့်မယ်။ အဲ့လိုဖြစ်လာပြီဆိုရင်ဖုန်းကလေးလာမယ်။ဟန်းလာမယ်။ စက်ကဘာမှမသုံးရသေးဘူး ပူလာပါမယ်။ တဖြည်းဖြည်းနဲ့ Android System ဆိုပြီး ပေါ်လိုက်ပျောက်လိုက်ဖြစ်လာပါမယ်။ နောက်ဆုံးတော့ ဖုန်းက Firmware ကျသွားတဲ့အထိဖြစ်တတ်ပါတယ်။အဲ့ဒီ Virus ကိုက်ခံရပြီဆိုရင် ဖြေရှင်းတဲ့နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။အရင်ဆုံး Device က Root ဖောက်ထားဖို့လိုပါတယ်။ ပြီးရင်တော့ အောက်က Link မှာပေးထားတဲ့ App လေးတွေကို Download ရယူပြီး ဖုန်းထဲကိုထည့်သွင်းInstall ပြုလုပ်ပါ။
 Devicecontrol.apk (3.6 MB)
Download

Busybox.apk(2.6MB)
Download

Monkey_test_killer_Last.apk (976.6 KB)
Download

အရင်ဆုံး Busy Box Software ကို Install ပြုလုပ်ပါ။- ပြီးရင် Device Control ကို Install ပြုလုပ်ပါ။- Device Control ကို ဖွင့်ပါ။- Menu ကို နှိပ်ပြီး App manager ထဲကိုဝင်ပါ။- User ထဲကို ထပ်ဝင်ပါ။- Monkey task ကိုရှာပြီး တစ်ချက်နှိပ်ပြီး ၀င်လိုက်ပါ။ အပေါ်ဖက်မှာရှိတဲ့ အစက်လေးသုံးစက်ကိုနှိပ်ပါ။ Disable ပေါ်လာလျှင် နှိပ်ပေးလိုက်ပါ။- Box တစ်ခုကျလာလျှင် Disable ကို ထပ်နှိပ်ပေးလိုက်ပါ။- Time Service ကိုရှာပြီး တစ်ချက်နှိပ်ပြီး ၀င်လိုက်ပါ။ အပေါ်ဖက်မှာရှိတဲ့ အစက်လေးသုံးစက်ကိုနှိပ်ပါ။ Disable ပေါ်လာလျှင် နှိပ်ပေးလိုက်ပါ။- Box တစ်ခုကျလာလျှင် Disable ကို ထပ်နှိပ်ပေးလိုက်ပါ။ဒါဆိုရင်တော့ ဒုက္ခပေးနေတဲ့ Monkey task/Time service virus ကို ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။ဒီ Virus ကို လုံးဝရှင်းထုတ်ချင်ရင်တော့ Firmware အသစ်တင်မှပဲရပါလိမ့်မယ်။ ဒီနည်းလမ်းကတော့ခဏတာထိန်းချုပ်နိုင်ဖို့ပဲဖြစ်ပါတယ်။အကောင်းဆုံးကတော့ ဒီ virus ၀င်မလာအောင်ကြိုတင်ကာကွယ်တာကအကောင်းဆုံးပါပဲ။အောက်မှာဖော်ပြထားသော Link မှ App ကို Download ရယူပြီးလဲ ဖြေရှင်းနိုင်ပါတယ်။ ဖန်တီးသူ နိုရာ ကိုလဲ Credit ပေးပါတယ်ခင်​ဗျာ။

Device control နဲ့Busy box အစား
System app self removerကိုလဲအသုံးပြုနိုင်ပါတယ်

SystemAppRemoverPro-v2.8.1039.apk
(458.2 KB)

Download

 အ​ပေါ်ကDownloadဆိုတဲ့linkကိုနှိပ်​လိုက်​ပါ။
နောက်​စာမျက်​နှာ​ရောက်​ရင်
ငါးစက္ကန့်​​စောင့်​ပါ။ပြီးရင်​အ​ပေါ်ထိပ်​နားကအဝါ​ရောင်
SkipAd​နေရာကိုနှိပ်​ဝင်​လိုက်​ရင်​​ဒေါင်းလုပ်​ဆိုဒ်​ကို
ရောက်​ပါမယ်​။အဲ့ဒိမှာ pcloud မှာတင်​ထားတဲ့
Downloadဆိုဒ်​ကို​ရောက်​ပါမယ်​။အဲ့ဒိမှာအ​ပေါ်ကမျှားပုံစံ​ပုံ​လေးကိုထပ်​နှိပ်​လိုက်​ရင်
ဒေါင်းလုပ်​ကျလာပါမယ်​။
ဒေါင်းပြီးသွားရင်​ကိုယ့်​ဖုန်းရဲ့downloadဖိုဒါထဲမှာ
ခုနက​ဒေါင်းလို့ရလာတဲ့apkကိုinstallလုပ်​ပြီးသုံးလို့
ရပါပြီ။

Sai Ye Tun(နည်းပညာ)


No comments:

Post a Comment