M Websiteတွေမှာကြော်ငြာတွေတက်တက်လာရင် ဖတ်ရတဲ့သူလည်းစိတ်ရှုပ်စရာဖြစ်တတ်ပါတယ်။ အခုတော့ Android နဲ့ iOS အတွက် Ad-Blocker Browser ထွက်ရှိလာပါတယ်။ ဒီ Browser app လေးကိုသုံးပြီး Website တွေကိုကြည့်ရှုမယ်ဆိုရင် ဘယ် website ကိုပဲဝင်ကြည့်ကြည့်ကြော်ငြာပုံတွေပေါ်တော့မှာ
မဟုတ်ပါဘူး ။ အခြားကြော်ငြာနဲ့ပတ်သက်တာမှန်သမျှကိုလည်း ဒီ browser app လေးကဖျောက်ထားပေးမှာပါ။ ကြော်ငြာတွေကိုမတက်စေတော့တဲ့အတွက် website တွေကိုကြည့်ရှုရာမှာ သာမန် browser တွေနဲ့ကြည့်ရှုတာထက် သုံးဆလောက်ပိုမိုမြန်ဆန်သွားစေပါတယ်။ အခြားအားသာချက်တွေအနေနဲ့ကတော့ သာမန် browser နဲ့ website တွေကြည့်တာထက် Data သုံးစွဲနှုန်းအဆ ၅၀ ခန့်သက်သာစေမှာဖြစ်ပြီး ၊ Battery ကိုလည်း ၂၃ ရာခိုင်နှုန်းလောက်ချွေတာစေမှာဖြစ်ပါတယ်။ Android နဲ့ iOS အတွက် Ad-Blocker Browser ကိုရယူလိုတယ်ဆိုရင်တော့ အောက်က link မှာ
ဒေါင်းယူလို့ရပါတယ်။
Download Link
"ဒေါင်းလုပ်ယူနည်း"
အပေါ်ကDownloadဆိုတဲ့linkကိုနှိပ်လိုက်ပါ။
နောက်စာမျက်နှာရောက်ရင်
ငါးစက္ကန့်စောင့်ပါ။ပြီးရင်အပေါ်ထိပ်နားကအဝါရောင်
SkipAdနေရာကိုနှိပ်ဝင်လိုက်ရင်ဒေါင်းလုပ်ဆိုဒ်ကို
ရောက်ပါမယ်။
Sai Ye Tun(နည်းပညာ)
No comments:
Post a Comment